စစ်ကောင်စီ ကင်းစခန်းကို ကလေး PDF ဝင်ရောက်တိုက်ခိုက်
DVB
·
July 22, 2021
စစ်ကိုင်းတိုင်း ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီကင်းစခန်းကို ဇူလိုင် ၂၁ ရက်နေ့ည ၈ နာရီဝန်းကျင်လောက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား အနည်းဆုံး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ တာဟန်းရပ်ကွက် နေကြာတိုက်လမ်းနဲ့ ဝယ်စလီဆေးရုံလမ်းအကြား ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်သား အနည်းဆုံး ၂ ဦး သေဆုံးပြီး ကလေး PDF တပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။