Home
မြန်မာသတင်း
မော်လမြိုင်သုသာန်တွင် တစ်ပတ်အတွင်း ကိုဗစ်လူနာ ၂၀၀ နီးပါး မီးသင်္ဂြိုဟ်ပေးခဲ့ရ
DVB
·
July 20, 2021
Yadana-Tun-Ware-House
COVID-19 MawLaMyaing

မော်လမြိုင် ပိန္နဲကုန်း သုသာန်တစ်ခုတည်းမှာ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၀၀ နီးပါး မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သုသာန်တာဝန်ရှိသူတွေက DVB ကို ပြောပါတယ်။

ပိန္နဲကုန်း သုသာန်မှာ ဇူလိုင် ၁၄ ရက်နေ့မှ ဇူလိုင် ၂၀ ရက်နေ့ထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၉၆ ဦး မီးသင်္ဂြိုဟ် ပေးခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်သုသာန်မှာ တစ်ရက်ကို ကိုဗစ်အတည်ပြုလူနာ ၃၀ နီးပါး မီးသင်္ဂြိုဟ် ပေးနေရတယ်လို့ သုသာန်တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“အခုနောက်ပိုင်း ကိုဗစ်လူနာ တစ်ရက် ၃၀ လောက် မီးသင်္ဂြိုဟ်ပေးနေရတယ်၊ နေ့စဉ် ရက်ဆက်ပဲ။” 

မော်လမြိုင်သုသာန်မှာ ကိုဗစ်အတည်ပြုလူနာတွေကို နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရတဲ့အတွက်ကြောင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေ ဖြစ်တဲ့ PPE နဲ့ လက်အိတ်တွေ လိုအပ်နေပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်သာ သေဆုံးထားတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့၊ ဈေးကြို ရတနာထွန်းပွဲရုံတန်းကို ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် ၂၀ ရက်နေ့ကစပြီး ဇူလိုင် ၂၅ ရက်နေ့ထိ ၅ ရက် ထပ်ပိတ်ထားဦးမယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက DVB ကို ပြောပါတယ်။

ဈေးကြို ရတနာထွန်းပွဲရုံတန်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူတွေနဲ့ သေဆုံးသူတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပွဲရုံတန်းထပ်ပိတ်ထားဖို့ ညွှန်ကြားလာတယ်လို့ ဆိုပါတယ်။

ဈေးကြို ရတနာထွန်းပွဲရုံတန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်မှ ၁၉ ရက်နေ့ထိ တစ်ပတ်အကြာ ပိတ်ထားခဲ့တာ ဖြစ်ပြီးနောက် နောက်ထပ် ၅ ရက် ထပ်ပိတ်သွားမှာ ဖြစ်ပါတယ်။

မော်လမြိုင် ဈေးကြို ရတနာထွန်းပွဲရုံတန်း ဆက်ပိတ်ထားတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

မော်လမြိုင်ဈေးကြို ရတနာထွန်းပွဲရုံတန်းဟာ မွန်ပြည်နယ်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေက ကုန်းပစ္စည်းတွေကို အဓိက ရောင်းဝယ်ဖောက်ကားနေတဲ့ ပွဲရုံတန်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024