ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်တွင်း လေ ကြောင်းလိုင်းတွေကို လာမယ့် ဇူလိုင် ၂၁ ရက်က စတင်ကာ ရပ်နားထားမယ်လို့ ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (စီအေအေတီ)က ထုတ်ပြန်ပါတယ်။
လူနေထူထပ်တဲ့ မြို့တော်ဘန်ကောက်နဲ့ ပြည်တွင်းခရိုင်မြို့တွေကြား လေကြောင်းခရီးစဉ်တွေကို ထိန်းချုပ်ကန့်သတ်လိုက်တာဖြစ်ပြီး ဒီကန့်သတ်မှုမှာ ဆေးဝါး သယ်ယူပို့ဆောင်ရေးဆိုင်ရာ၊ အရေးပေါ် ဆင်းသက်မှုဆိုင်ရာ၊ ထိုင်းအစိုးရရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ လေယာဉ်တွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
တခြားသော ပြည်တွင်း လေကြောင်းလိုင်းတွေကတော့ လုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်းထက်ဝက် လျှော့ချရမယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်းကျော်၊ သေဆုံးသူ ၃၃၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံး အဆင့် ၄ နေရာမှာ ရှိနေပါတယ်။