ရက္ခိုင့်တပ်တော်(အေအေ) က ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော်စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။
ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၀ အရွယ် ရှိနေပြီဖြစ်ကာ သူဟာ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဦးကာလ၊ တည်ဆောက်စကာလ၊ တော်လှန်ရေးရဲ့ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးကာလတွေကို ရဲဘော်ရဲဘက်တွေနဲ့ ဦးဆောင်မှုအပြည့်နဲ့ လက်တွဲရုန်းကန်ခဲ့တဲ့ စံပြတပ်မှူးကောင်းတယောက်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူဟာ ရက္ခိုင့်တပ်တော်ရဲ့ ဗွေဆော်ဦးတိုက်ပွဲကို စတင်ဖော်ဆောင်ရာမှာ ပါဝင်ခဲ့ပြီး ပလက်၀ဒေသ ထိုးစစ်တိုက်ပွဲမှာလည်း ဦးဆောင်ပါဝင်ကာ အောင်မြင်မှု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သူ့ရဲ့ နာရေးသတင်းနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် “အကြွီစောလားခသော ရက္ခိုင့်တပ်တော်၏ စံ ပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဘုန်းမြတ်အတွက် ဝမ်းနည်းဂုဏ်ပြု မှတ် တမ်းလွှာ”လို့ ရေးသားပြီး မျှဝေထားပါတယ်။