ရန်ကုန်မြို့တွင် အာဇာနည်နေ့အကြို စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
DVB
·
July 16, 2021
လာမယ့်ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အကြိုအဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီကနေ့မနက် ရန်ကုန်မှာ ပြုလုပ်သွားပါတယ်။
ဆန္ဒပြပွဲမှာ "လူမျိုးကြီးဝါဒ ဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက" ဆိုတဲ့စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ အထွေထွေသပိတ်ကော်မတီ GSC၊ ကျောင်းသားသမဂ္ဂများ၊ လူငယ်ကဗျာဆရာသမဂ္ဂ၊ အလုပ်သမားသမဂ္ဂတွေနဲ့ မြို့နယ်အထွေထွေ သပိတ်ကော်မတီတွေ ပါဝင်ကြပါတယ်။
ဆန္ဒပြပွဲကို စစ်တပ်က သေနတ်နဲ့လာရောက်ပစ်ခတ်ဖြိုခွင်းတာကြောင့် အလျင်အမြန်လူစုခွဲခဲ့ရ ပါတယ်။
Photo - MPA