Home
မြန်မာသတင်း
ဝိုင်းမော်တွင် နယ်ထိန်း ၇ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး တွေ့ရှိ
DVB
·
July 15, 2021
474904-COVID-19-Waing-Maw-1-730x365

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဇူလိုင်လ  ၁၄ ရက်နေ့က နယ်ထိန်း ၇ ဦးအပါအ၀င် စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနတာ၀န်ရှိသူတစ်ဦးဆီက သိရပါတယ်။

ပိုးတွေ့အတည်ပြုလူနာများနဲ့ ထိစပ်သူတွေ၊ သံသယလူနာ စုစုပေါင်း ၅၁ ဦးကိုစစ်ဆေးရာမှ  မြို့မရဲစခန်း နယ်ထိန်းတွေအပါအဝင် ၁၇ ဦး ပိုးတွေ့ရှိခဲ့တာပါ။

ကိုဗစ်တတိယလိုင်းကာလ ဝိုင်းမော်မြို့မှာ ဇူလိုင် ၁၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစု ပေါင်း ၁၃၄ ဦးအထိ ရှိလာခဲ့ပြီလို့ မြို့နယ်ဆေးရုံအုပ် ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။

ဝိုင်းမော်ဆေးရုံမှာ လက်ရှိ ကိုဗစ်လူနာ ၂၇ ဦး၊ မြို့နယ်အားကစားရုံ ဟောခန်းမမှာ ၅၆ ဦးနဲ့ ကန်ပိုက်တီဆေးရုံမှာ ၁၇ ဦး ကို လက်ခံကုသပေးနေတယ်လို့ ဆိုပါတယ်။

ပိုးတွေ့လူနာများလာသောကြောင့် နေရာအခက်အခဲ ရှိလာနိုင်ပြီး အခုထက်ပိုမိုများပြားလာပါက လော်ဝေါ်ယဉ်ကျေးမှု ခန်းမနဲ့ လာချိဒ် ရိုးရာယဉ်ကျေးမှုခန်းမတို့မှာ ကိုဗစ်စင်တာ အနေနဲ့ ထပ်လောင်းပြင်ဆင်ထား နေရတယ်လို့ ကျန်းမာရေးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024