ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်မောင်း ၅ ဦးအပါအဝင် ၆ ဦးမှာ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချီဖွေမြို့အ၀င်ရှိ ထင်းစည်းချိုး ရုပ်တုအနီးက ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကိုဗစ်စစ်ဆေးရာ စစ်ဆေးရာ ပန်ဝါသတ်ထုတွင်းသွားပို့မည့် ဆီဘောက်ဆာယာဉ်မောင်း ၅ ဦးနဲ့ မြစ်ကြီးနားပြန် ချီဖွေဒေသခံ ၁ ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ တာ၀န်ကျ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
ချီဖွေမြို့ဟာ လူဦးရေ ၂ သောင်းကျော်သာ ရှိပေမယ့် တရုတ်ပြည်နယ်စပ် ပန်ဝါသွား လမ်းမပေါ်မှာ တည်ရှိပြီး စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေ အဓိက အလုပ်အကိုင်ဖြစ်တာကြောင့် အခုလို ခရီးသွား ယာဉ်မောင်းတွေထံ ပိုးတွေ့ရှိခဲ့တဲ့အတွက် တော်တော်သတိထားရမယ်လို့ ချီဖွေမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အဆိုပါပိုးတွေ့လူနာ ၆ ဦးကို ချီဖွေပြည်သူ့ဆေးရုံမှာ ကုသပေးနေကာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကိုဗစ်တတိယလိုင်းအတွင်း ချီဖွေမြို့မှာ ပထမဆုံးအကြိမ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။