စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့အနီးမှာ ဇူလိုင် ၁၀ ရက်ညပိုင်းက ပြင်းအား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မနေ့ည မြန်မာစံတော်ချိန် ၇ နာရီ၊ ၁၉ မိနစ်၊ ၃၁ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပင်လည်ဘူးမြို့ရဲ့ အနောက်တောင်ဘက် ၂၄ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
ဇူလိုင် ၉ ရက် ဒီနေ့မနက်ကလည်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။ အဆိုပါ ငလျင်တွေကြောင့် လူတွေနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။