ကရင်ပြည်နယ် မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင် သွားရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦး ဇူလိုင် ၁၀ ရက်နေ့ မနက် ၇ နာရီလောက်က အဖမ်းခံရတယ်လို့ သိရပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးဟာ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ကတဆင့် မြန်မာ-ထိုင်းနယ်စပ် ရေလယ်ကျွန်းကနေ မဲဆောက်မြို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်တိုက်နယ် ရပ်ကွက် (၁) ကို ရောက်ရှိလာကြောင်း သတင်းပေးပိုချက်အရ ရပ်ကွက် ဥက္ကဋ္ဌအဖွဲ့နဲ့ ထိုင်းရဲအမှတ် ၄၀၇ စခန်း တာဝန်ရှိသူတွေက ပူးပေါင်းဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ ဦးအား ကိုဗစ်ဗိုင်းရပ်စ်ပိုး ရှိမရှိ ကျန်းမာရေးဌာနက စစ်ဆေးမှုပြုလုပ်ပေးပြီးနောက် ထိုင်းနိုင်ငံတွင်း တရားမဝင် ခိုးဝင်မှုနဲ့ တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် သွားလာမှုတွေကို ပိတ်ထားပြီး လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။