Home
မြန်မာသတင်း
ပုသိမ်မြို့တွင် တနေ့တည်း ကိုဗစ်-၁၉ ကြောင့် ၁၃ ဦး သေဆုံး
DVB
·
July 9, 2021
207302248_4162318080480936_2724798827495624229_n
204510992_176943174333493_5786663427285229410_n
204223003_490255528736252_2252695956049572349_n

ပုသိမ်မြို့မှာ ဇူလိုင် ၈ ရက်​နေ့ တ​နေ့တည်း ကိုဗစ်​-၁၉ ရောဂါကြောင့် ၁၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁ ရက်​​နေ့ကနေ ၈ ရက်​နေ့အထိ ကိုဗစ်​-၁၉ ရောဂါ​ကြောင့်​ သေဆုံးသူ ၃၇ ဦးအထိ ရှိပြီလို့ သိရှိရပါတယ်။

ပုသိမ်မြို့ခံတစ်ဦးက "အခု ကိုဗစ်က တမြို့လုံး ပျံ့​​နေတယ်။ ​ကိုဗစ်​ကြောင့် ​သေတာ​တွေ များလာတယ်လည်းကြားရတယ်။ အောက်ဆီဂျင်လိုအပ်ချက်​တွေလည်း ဖြစ်တယ်၊ ကုသဖို့ ​နေရာအခက်အခဲ​​တွေလည်း ဖြစ်​နေတယ်။ ကြိုတင်စီမံမှုမရှိ​တော့ ပြည်သူ​တွေ ခံစားရတာ​လေ" လို့ ​ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ​သေဆုံးသူတွေတွေဟာ ​ရောဂါအခံရှိသူတွေနဲ့ အသက်ကြီးသူအများစု ဖြစ်​တယ်လို့ သိရပါတယ်။

ပုသိမ်မြို့မှာ ဇူလိုင် ၇ ရက်​နေ့ကလည်း ကိုဗစ်ပိုး​တွေ့သူ ၁၀၆ ဦးရှိပြီး ကိုဗစ်​ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာ​နေတာပါ။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဇူလိုင် ၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၀၀ ကျော်နဲ့ သေဆုံးသူ ၃၇ ဦးရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024