ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇူလိုင် ၈ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦးတွေ့ရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ဆီက သိရပါတယ်။
ပိုးတွေ့လူနာတွေ အထဲမှာ ပြည်နယ်ထွေအုပ်ရုံးက ဝန်ထန်း တစ်ဦး ပါဝင်သလို တောင်ဈေးမှာ အသားငါးရောင်းတဲ့ ဈေးသည်တစ်ဦး ပါဝင်နေပါတယ်၊
ဒီကနေ့ ပိုးတွေ့သူတွေဟာ ဖျားနာပြီး အနံ့ပျောက်တာကနေ စစ်ဆေးရာမှာ positive တွေ့ရှိတာဖြစ်ပြီး လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦးအထိ ကုသမှုခံယူနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဇွန် ၃၀ ရက်နေ့ကစပြီး အတည်ပြုလူနာ ၁ ဦး စတင်တွေ့ရှိခဲ့ပြီး တပတ်အတွင်းမှာပဲ ၂၉ ဦးအထိတိုးလာတာဖြစ်ပါတယ်။
အတည်ပြုလူနာထဲက တဦးကတော့ ဇူလိုင် ၆ ရက်ညက နေမကောင်းလို့ ဆေးရုံပို့စဉ် သေဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်လောင်းကိုစစ်ဆေးရာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။