စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၂၀၀ ကျော်လာတဲ့အတွက် စာသင်ကျောင်း နဲ့ စျေးဆိုင်တွေပိတ်ထားရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “အခုက ကလေးဝမြို့မှာ ကိုဗစ်ကူးစက်တာ များလာတယ်။ ကူးစက်သူ ၂၀၉ ယောက် ကျော်ရှိလာပြီ။ ဒါကြောင့် ကျောင်းတွေနဲ့ စျေးဆိုင်ပိတ်ထားလိုက်တယ်” လို့ ပြောပါတယ်။
ဇူလိုင် ၈ ရက်နေ့ ဒီနေ့မနက်ပိုင်းကစတင်ပြီး မြို့ပေါ်ရှိ ဆိုင်တချို့ပိတ်ထားကာ Stay At Home ပုံစံနဲ့ ဒေသခံတွေ နေအိမ်မှာပဲ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ကလေးဝမြို့မှာ ကိုဗစ်ကူးစက်သူ ၂၁၂ ယောက်၊ သေဆုံးသူ ၁၃ ယောက်နဲ့ ရောဂါသက်သာလို့ ဆေးရုံဆင်းသူ ၉၂ ဦး ရှိတယ်လို့ ကလေးဝ ဆေးရုံစာရင်းတွေအရ သိရပါတယ်။