မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးနဲ့ စာရေးတစ်ဦးမှာ ဇူလိုင် ၆ ရက်နေ့က ကိုဗစ်-၁၉ ပိုး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သပိတ်ကျင်းမြို့ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လမ်းပြုပြင်ရေးလုပ်ငန်းခွင်ကို လမ်းခင်းကျောက်သွင်းနေတဲ့ FAW ကားမောင်းသမားတစ်ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့နယ် ပညာရေးမှူး၊ ကျေးရွာတချို့က ကျောင်းအုပ်နဲ့ ကျောင်းဆရာမတွေ၊ လျှပ်စစ်ဝန်ထမ်းတွေမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံနေရပြီး သူတို့နဲ့ ဆက်စက်သူတွေပါ ကူးစက်ခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လက်ရှိ သပိတ်ကျင်း တစ်မြို့နယ်လုံးမှာ ဇူလိုင်လ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၀ ဦးကျော်ပြီဖြစ်တယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့ပေါ်က ကူးစက်ခံရသူတွေနဲ့ ထိစပ်သူတွေကို သပိတ်ကျင်းမြို့က ကမ္ဘာအေးဘုရား ဓမ္မာရုံနဲ့ ထွေအုပ်ရိပ်သာမယ် ကွာရန်တင်း ထားရှိထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - CJ