ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇူလိုင် ၆ ရက်နေ့ညက နေမကောင်းလို့ ဆေးရုံပို့စဉ် သေဆုံးသွားတဲ့ အမျိုးသားတဦးမှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိရတယ်လို့ ရွှေလွိုင်ကော် လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဒီကနေ့ သူ့ရဲ့ Dead Body ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါအမျိုးသားဟာ လွိုင်ကော်မြို့ သိရိမင်္ဂလာဈေး (တောင်ဈေး) ရှေ့ နေအိမ်မှာ နေထိုင်တာလို့ သိရပါတယ်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၇ ရက်နေ့အထိ ကိုဗစ် - ၁၉ ပိုးတွေ့လူနာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဆေးကုသမှုခံယူနေကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။