ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်က အမှတ် ၁၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးထဲ ဇူလိုင် ၄ ရက်ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ည ၉ နာရီကျော်လောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထဲမှာ ပေါက်ကွဲခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် ၄ ဦး ဗုံးထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးထိုင်တဲ့ ခုံအောက်က ပေါက်တာ ဗုံးက ပြည်သူတွေ ဝင်ထောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး အချင်းချင်းလုပ်တာ ဖြစ်ဖို့များတယ်''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံးထဲမှာ အမြဲလိုလို အစောင့်ရှိပြီး ဝင်ဖို့ထွက်ဖို့ မလွယ်ကူ တာကြောင့် ပျူစောထီးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ကြား အဆင်မပြေမှုတွေကြောင့် ခုလို ဗုံးထောင်ခဲ့ တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ အကြမ်းဖက်စစ်ကောင်စီက မကြာသေးမီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တပ်ခွဲရုံး အထိုင်ပြုလုပ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး ရုံးအတွင်း ဝင်ရောက်စစ်ဆေးကာ မပေါက်ကွဲသေးတဲ့ဗုံး ၁ လုံးတွေ့ရှိခဲ့လို့ ပြန်သိမ်း ယူသွားတယ်လို့ သိရပါတယ်။