တောင်တွင်းကြီး၌ ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ လူနာ ၆ ဦး ထပ်တွေ့
DVB
·
July 2, 2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဇူလိုင် ၂ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
အဲဒီအတည်ပြုလူနာတွေကတော့ မောင်းတိုင် ၂ ရပ်ကွက်က ၃ ဦးနဲ့ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာက ၃ ဦးတို့ ဖြစ်ပါတယ်။ ကသာကျေးရွာက ၃ ဦးထဲမှာ ၂ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။
တောင်တွင်းကြီးမြို့မှာ ကိုဗစ် - ၁၉ တတိယလှိုင်းမှာ ဇွန်လ ၂၂ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ အတည်ပြုလူနာ ၄၈ ဦးရှိပြီလို့ သိရပါတယ်။