မော်လမြိုင်မြို့နယ်အတွင်းက စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပါဆယ်စနစ်နဲ့ ရောင်းချဖို့ ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေး ကော်မတီက ဆုံးဖြတ်ခဲ့တာလို့ ဆိုထားပါတယ်။
ဒါကြောင့် မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့နဲ့ စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို အရေးယူသွားမယ်လို့ ပြောပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ဟာ ဇူလိုင် ၂ ရက်နေ့စကပြီး အကြုံးဝင်မှာ ဖြစ်ပြီး လိုက်နာမှု မရှိရင် စည်ပင်သာယာရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်မှာတော့ အခုအခါ ကိုဗစ်အတည်ပြုလူနာ ၁၆၀ ကျော် ရှိလာခဲ့တာ ဖြစ်ပါတယ်။