မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဟံသာဝတိရွာနဲ့ မွှေ့လယ်ကျေးရွာကို ဇွန် ၂၉ ရက်နေ့ ရက်စွဲနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျန်းမာရေးဌာနက အသွားအလာ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ်ဟာ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ထိစပ်နေပြီး ကလေးမြို့ကနေတဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ကာ အခြားသူတွေကို ရောဂါကူးစက်မှု မရှိစေရေးအတွက် ဟံသာဝတီကျေးရွာနဲ့ မွှေ့လယ်ကျေးရွာကို အမိန့်ထုတ်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေအမိန့်ကို ဖီဆန်နေကြတာမှန်ပေမယ့် သူတို့အမိန့်ကို လိုက်နာတာမျိုးမဟုတ်ဘဲ မိမိရပ်ရွာကို ကိုဗစ်ကပ်ရောဂါဘေး ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူတွေအနေနဲ့ ၂ ပတ်၊ ၃ ပတ်လောက် အသွားအလာကန့်သတ်ပေးကြဖို့ မွှေ့လယ်ရွာ ပရဟိတအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ငွေကြေးမပြည့်စုံတဲ့သူတွေအတွက်လည်း တဖက်တလမ်းကနေ အလှူငွေတွေရရှိအောင် ကြိုးပမ်းဆောင်ရွက်နေသလို ကူညီပံ့ပိုးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။