မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ သဒ္ဓမ္မဝံသာရုံပရိယတ္တိစာသင်တိုက်က သံဃာ နှစ်ပါးနဲ့ ရန်ကုန်ကပြန်လာတဲ့ ဝမ်းတွင်မြို့နယ် သဲတောမြို့နေ အမျိုးသားတစ်ဦးတို့ ဇွန်လ ၂၇ ရက်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရပြီး စုစုပေါင်း အတည်ပြုလူနာ ၂၀ ရှိလာပြီလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“မိတ္ထီလာက သံဃာ ၆ ပါး ကိုရင် ၁ ပါးနဲ့ အမျိုးသား ၁ ဦး ပေါင်း ၈ ဦးတို့ ခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်ဖြစ်သွားတယ်။ သာစည်က မိခင်နဲ့ ၂ နှစ်ခွဲအရွယ်ကလေးတို့ ခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်ဖြစ်ခဲ့တယ်။ မလှိူင်ကတော့ ကလောဘက်က ပြန်လာသူနဲ့ ထပ်ဆင့်ကူးစက်ခံရသူ ပေါင်း ၆ ဦးတို့ ကိုဗစ်ဖြစ်ခဲ့တယ်။ ဝမ်းတွင်းမှာတော့ မန္တလေးကပြန်လာသူ ၃ ဦးနဲ့ ရန်ကုန်က ပြန်လာသူတစ်ဦး ကိုဗစ်ဖြစ်တာတွေ့ရတယ်” လို့ ပြောပါတယ်။
ဝမ်းတွင်းဆေးရုံမှာ မန္တလေးက ပြန်လာတဲ့ လေးမျက်နှာရွာနေ အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ကိုဗစ်ရောဂါပျောက်ကင်းသွားလို့ ဆေးရုံးက ဆင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ မိတ္ထီလာခရိုင်ထဲမှာ ဆေးရုံတက်နေဆဲ ကိုဗစ်လူနာ ၁၈ ဦးရှိနေပါတယ်။