တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ပြည်သူတွေဟာ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွားမှာ အရုဏ်ဦး သပိတ်ပြုလုပ်ခဲ့သလို ညင်းမော်ကျေးရွာမှာလည်း စစ်အာဏာရှင် တော်လှန်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့တာပါ။
လောင်းလုံးမြို့နယ် ပြည်သူတွေက စစ်အာဏာရှင် တော်လှန်ရေးမှာ ငါတို့ ငြိမ်သက်သွားမှာ မဟုတ်ဘူးဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။
လောင်းလုံးမြို့နယ် ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို လက်မခံကြောင်း နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေတာပါ။