မော်လမြိုင်တက္ကသိုလ်မှာ စာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသူ အယောက် ၂၀ မှာ ကိုဗစ်-၁၉ ရောဂါ ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်တက္ကသိုလ်သတင်းအဖွဲ့က ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုးတွေ့ရှိမှု များပြားခဲ့လို့ သီးသန့်ခွဲထားတဲ့ အဆောင်တွင်း စာမေးပွဲဖြေဆိုနေတဲ့ မော်လမြိုင်တက္ကသိုလ် အင်ကြင်းဆောင် ကျောင်းသူ ၂၅ ယောက် အနက် ကျောင်းသူ အယောက် ၂၀ မှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကျောင်းသူ ၂၀ ဦးကို စာမေးပွဲ ဖြေဆိုတာ ရပ်နားပြီး ထားဝယ်အဆောင်မှာ ကွာရန်းတင်းထားရှိထားပါတယ်။
မော်လမြိုင် တက္ကသိုလ်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ဆက်တိုက်မြင့်တက်လာပေမယ့် ကျန်ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲ ပြီးဆုံးတဲ့အထိ ဆက်လက်ဖြေဆို ခိုင်းနေတယ်လို့ ဆိုပါတယ်။
မော်လမြိုင် တက္ကသိုလ်မှာ ဇွန်လ ၂၄ ရက်နေ့ထိ ရောဂါပိုး ကူးစက်ခံထားရသူ အယောက် ၄၀ ကျော်ထိ ရှိပါတယ်။