တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ပြည်သူတွေဟာ ဇွန် ၂၃ ရက်နေ့ မနက်ပိုင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေက စစ်အာဏာရှင် တော်လှန်ရေးမှာ ငါတို့ ငြိမ်သက်သွားမှာ မဟုတ်ဘူးလို့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။ ဒါ့အပြင် ရွှေမန်းမြေပြည်သူတွေနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဘေးကင်းဖို့ ဆုတောင်းပေးခဲ့ပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို လက်မခံကြောင်း နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေတာပါ။