Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် ကိုဗစ်တတိယလှိုင်း အသိပညာပေး လှုပ်ရှားမှု ပြုလုပ်
DVB
·
June 21, 2021
COVID-19 Awarness Campaign PyinOoLwin 1
COVID-19 Awarness Campaign PyinOoLwin 2
COVID-19 Awarness Campaign PyinOoLwin 3
COVID-19 Awarness Campaign PyinOoLwin 4
COVID-19 Awarness Campaign PyinOoLwin 5
COVID-19 Awarness Campaign PyinOoLwin 6
COVID-19 Awarness Campaign PyinOoLwin 7
COVID-19 Awarness Campaign PyinOoLwin 8
COVID-19 Awarness Campaign PyinOoLwin 9

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ဖို့ အသိပညာပေး လှုပ်ရှားမှု MASK ကမ်ပိန်းကို ဇွန် ၂၀ ရက်မနက်က  ဒေသခံပြည်သူတွေ စုပေါင်းပြုလုပ်ခဲ့ပါတယ်။  

နေပြည်တော်အပါအဝင် မြန်မာနိုင်ငံ ဒေသတချို့မှာ  ကိုဗစ်တတိယလှိုင်း ကူးစက်ပျံ့နှံ့ ဖြစ်ပွားနေရမှာ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်သူတွေ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြဖို့အတွက် အခုလို ကမ်းပိန်းပြုလုပ်တာပါ။ 

ဒီလှုပ်ရှားမှုအတွက်  ဒေသခံပြည်သူတွေက Mask နှာခေါင်းစည်း ၂၅၀၀၀ ဝေငှလှူဒါန်းခဲ့တာပါ။ 

Mask ကမ်ပိန်းကို  ပြင်ဦးလွင်မြို့မဈေးကြီး၊  သုမင်္ဂလာဈေး၊ ၁၉ လမ်း (ဇရပ်ကတုံးဈေး )၊ ပြင်ဦးလွင် မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားအနီးရှိ မျက်မမြင်ကျောင်း၊ ချယ်ရီ‌မြေဘိုးဘွားရိပ်သာနဲ့ ကျူးကျော်ရပ်တွေပါမကျန် သွားရောက်ပြီး Mask တွေ ဝေငှ၊ ကျန်းမာရေးလမ်းညွှန်ချက်တွေ အသိပေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024