ကမ္ဘာရွှေစျေး သီတင်းပတ်တစ်ပတ်အတွင်း တစ်အောင်စကို ဒေါ်လာ ၁၀၀ ကျော်ကျဆင်းခဲ့ပြီး မြန်မာရွှေစျေးလည်း တစ်ကျပ်သားကို ကျပ် ၃၀၀၀၀ ဝန်းကျင်စျေးပြန်ကျဆင်းခဲ့ပါတယ်။
ပြည်တွင်းမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် အဆမတန်မြင့်တက်သွားခဲ့တဲ့ မြန်မာရွှေဈေးဟာ စံချိန် တင်ဈေး ကျပ် ၁၇သိန်းကျော်ထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်ကဈေးကွက်အတွင်း ဒေါ်လာတွေ ပမာဏများများ မကြာခဏဝင်ရောက်ရောင်းချတာတွေ ပြုလုပ်ခဲ့ပြီးပါတယ်။ အဲဒီနောက်ဇွန်လအတွင်းမှာ မြန်မာ့ရွှေဈေးက ကျပ် ၁၅ သိန်း ၆ သောင်းကျော်၊ ၇ သောင်း ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့ပါတယ်။
အခုအခါမှာ ကမ္ဘာ့ရွှေစျေးကျဆင်းလာတာကြောင့် မြန်မာ့ရွှေစျေးလည်း လိုက်ပါကျဆင်းခဲ့ပေမဲ့ ပုံမှန် ထက်စျေးအကျနည်းတယ်လို့ စျေးကွက်အတွင်း ဝေဖန်သုံးသပ်မူတွေလည်းရှိနေပါတယ်။
ရွှေစျေးထပ်မံကျဆင်းဖို့က လမ်းပန်းဆက်သွယ်ရေး အခြေအနေအပေါ်မှုတည်နေပြီး၊ လက်ရှိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာအတားအဆီး၊ အစစ်အဆေးများတာကြောင့် ရန်ကုန်ကို ရွှေကုန်ကြမ်း အဝင်နှောင့်နှေးနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။
မြန်မာ့ရွှေစျေးနှုန်းက ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းဒေါ်လာငွေလဲနှုန်း ၊ ဝယ်လိုအား၊ ရောင်းလိုအားတို့အပေါ်မူတည်ပြီး အတက်အကျဖြစ်ပေါ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ကမ္ဘာ့ရွှေစျေး တစ်အောင်စက ဒေါ်လာ၁၉၀၀၊ မြန်မာ့ရွှေစျေးကတစ်ကျပ်သားကို ကျပ်၁၅သိန်းရသောင်းကျော် စျေးရှိခဲ့ပါတယ်။
အခုဇွန် ၁၈ရက်နေ့ နေလယ်ပိုင်းအချိန်မှာတော့ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၁၇၉၂ ဒေါ်လာ၊ မြန်မာ့ရွှေစျေးက ကျပ်၁၅သိန်း၄သောင်း၅ထောင် စျေးမှာရောက်ရှိနေပါတယ်။