Home
မြန်မာသတင်း
သရက်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီး
DVB
·
June 18, 2021
202785559_779315056066603_5342633902269478119_n

မကွေးတိုင်း၊ သရက်မြို့မှာ ဇွန်လ ၁၇ ရက်က ကလေးအထူးကုဆရာဝန် ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေးနဲ့ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမျိုးဝင်းတို့ရဲ့ နေအိမ်တွေမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် သရက်မြို့ခံ ပြည်သူ ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ကိုမျိုးသန့်၊ ကိုသီဟ(လက်သမား)၊ အငယ်ကောင် (Morich ယာဉ်လိုင်းစပယ်ယာ)၊ ကိုဝဏ္ဏတို့ သားအဖနှစ်ဦးနဲ့  အမျိုးသမီးတဦးအပါအဝင် ၂၈ ယောက် ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူအများစုက တောင်မင်းတဲရပ်ကွက်ကဖြစ်ပြီး ဒီကနေ့ မနက် ၃ နရီကျော်လောက်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သရက် ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေးရဲ့ အဖေ ဦးထွန်းထွန်းက သူနဲ့မတည့်တဲ့လူတွေကို လိုက်ဖမ်းခိုင်းတာ။ အဲဒီအထဲက တယောက်ကတော့ ဗုံးပေါက်တာကို ရိသဲ့သဲ့ လုပ်ရေးတဲ့ Post ကို ဖေ့စ်ဘွတ်ခ်ပေါ်တင်လို့ ဖမ်းသွားတယ်လို့ ပြောတယ်။ အများစုကတော့ လူလတ်ပိုင်းနဲ့ လူငယ်တွေ တောင်မင်းတဲရပ်ကွက်က များပါတယ်"။

ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦးကိုတော့ စစ်ဆေးပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းထွက်နေပေမဲ့ သရက်ဒေသခံတွေကတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024