မကွေးမြို့နယ်၊ နတ်ကန်ကျေးရွာက ပြည်သူတစ်ယောက်ကို ဇွန်လ ၁၇ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နတ်ကန်ကျေးရွာက ဝပ်ရှော့လုပ်ငန်းလုပ်တဲ့ ကိုကျော်ဇေယျ (ခ) မောင်ကျော်ကို ဒလန်တွေက လက်နက်ရှိတယ်ဆိုပြီး သတင်းပေးလိုက်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတာလို့ နတ်ကန်ရွာသားတစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ စစ်ကား ၁ စီး၊ ရဲကား ၁ စီး ၊ အင်အား ၂၀ လောက်နဲ့ နတ်ကန်ရွာကိုလာရောက်ပြီး ကိုကျော်ဇေယျ နေအိမ်ကို ဝင်ရောက်ဖမ်း ဆီးသွားတာလို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တွေဟာ နတ်ကန်ကျေးရွာမှာရှိတဲ့ နေအိမ် ၄ အိမ်လောက်ကိုလည်း မွှေနှောက်ရှာဖွေသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။