Home
မြန်မာသတင်း
ကျုံပျော် လှေဆွဲရွာက အမျိုသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွား
DVB
·
June 17, 2021
468271-Hlay-Swe-village-730x365

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ လှေဆွဲကျေးရွာမှာ ဇွန်လ ၁၆ ရက် ညပိုင်းက အကြမ်းဖက် စစ်သားတွေ ရောက်လာပြီး ရွာသား အမျိုးသား တစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်အုပ်စု အင်အား ၅၀ ကျော်လောက် ခြေလျင်ရောက်လာပြီး    လှေဆွဲရွာသားတစ်ယောက်ကို ဖမ်းဆီး ဒေသခံတစ်ဦးက ပြောကြားခဲ့ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ ကမ်းနားညောင်ဆိုင်ရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတယ်လို့ လည်း သိရပါတယ်။ 

ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာမှာ ဇွန်လ ၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူဘက်က ၁၇ ဦး ကျဆုံးသွားကာ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024