Home
မြန်မာသတင်း
ဝါးခယ်မတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် အကြမ်းဖက်စစ်ကောင်စီက တစ်ရွာကို လူ ၂၀ ဦးစုဆောင်းနေ
DVB
·
June 16, 2021
193642051_1125425797941762_5028462902061507062_n

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းဖို့အတွက် ကျေးရွာတရွာကို လူ ၂၀ နှုန်းပေးဖို့ အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တောင်းခံနေပါတယ်။

ဇွန်လ ၁၄ ရက်နေ့ကစတင်ကာ ကျေးရွာတွေထဲ လိုက်လံကြေညာခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ လူစာရင်းလာယူသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စီစဉ်နေတာတော့ ကြာပါပြီ။ မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စာရေးနဲ့ ရွာဆင်းလာပြီး စာရင်းကောက်ယူသွားတာ တချို့ရွာတွေဆို မလိုက်ချင်လို့ မဲနှိုက်ရတာတွေလည်းရှိတယ်''လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူ့စစ်ထဲပါဝင်ဖို့အတွက် လူစာရင်းပေးရတဲ့ လူတွေက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး သင်တန်း ၁ ပတ်ပေးကာ စစ်သင်တန်းပို့ချသွားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ဒေသခံလူငယ်တွေက ပြည်သူ့စစ် မလုပ်ချင်ပေမဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးပေါင်းပြီး လူ ၂၀ နဲ့ ၃၀ ကြားမဲနှိုက်လို့  စာရင်းပါသွားတဲ့ လူတွေလည်းရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

လူစာရင်းပါသူတွေကို မြို့မှာခေါ်သင်တန်းပေးသွားမှာ ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ကိုယ့်ရွာကို ပြန်ကာကွယ်ရမှာ ဖြစ်တယ်လို့ ပြောဆို စည်းရုံးတာတွေ လုပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024