Home
မြန်မာသတင်း
ထားဝယ်တွင် ပြည်သူများကို ဖမ်းဆီးပြီး ကျပ် ၅၀,၀၀၀ ဖြင့်ပြန်ရွေးခိုင်းနေ
DVB
·
June 15, 2021
Dawei Strike

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့နယ်၊ နတ်စိတ်ရွာမှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးပြီးနောက် တစ်ယောက်ကို ကျပ် ၅၀,၀၀၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက တရက်ကို ပြည်သူ အယောက် ၂၀ ကနေ  ၃၀ လောက်အထိ ဖမ်းဆီးပြီး ပိုက်ဆံမပေးနိုင်ရင် ဆက်ဖမ်းထားတယ်လို့ ဆိုပါတယ်။ 

“ဖမ်းနေတာက ၃ ရက်ရှိပြီး ဖမ်းခံထားရသူ တစ်ရာနီးပါးရှိပြီ၊ ရွာသူရွာသားတွေတော့ ပြေးကြတယ်၊ ပင်လယ်နဲ့နီးတော့ ပင်လယ်ဘက်ပြေးကြတယ်၊ ထွက်ပေါက်ငါးပေါက်စလုံးမှာလည်း ကင်းတွေချထားတာကြောင့် ပြေးမရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကောင်စီက ကား ၁ စီး ၊ ဆိုင်ကယ် ၃၀ ကျော်နဲ့ ရွာသူ ရွာသား ၁၀၀ ဝန်းကျင်ဖမ်းဆီးခဲ့ပြီး နတ်စိတ်ရွာသားအားလုံးနီးပါး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024