မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ ဇွန် ၁၄ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြဖို့ လူစုနေတဲ့အချိန်မှာ အဘိုးအို ၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားပါတယ်။
ညောင်ဦးမြို့အရှေ့ပိုင်းက ရုံးရောင်ပင်ရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး ဆန္ဒပြဖို့ ဒေသခံတွေ လူစုစုချင်းမှာပဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်လာပြီးတော့ အသက် ၇၀ ကျော် အဘွားအိုတစ်ယောက် အပါအဝင် အမျိုးသမီး ၄ ယောက်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
ညောင်ဦးမြို့မှာ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ် ချီတက် ဆန္ဒပြနေတာဖြစ်ပြီးတော့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ဒေသခံပြည်သူ အယောက် ၂၀ ကျော်ခကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။