မြိုင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်
DVB
·
June 12, 2021
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်းဇုန်က ပြည်သူတွေဟာ ဇွန်လ ၁၂ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ဖြုတ်ချနိုင်ရေးအတွက် တောင်ပိုင်းဇုန်က ပြည်သူတွေ ရာနဲ့ချီစုပေါင်းပြီး ဆိုင်ကယ်သပိတ်ပြုလုပ် ချီတက်ဆန္ဒပြတာလို့ သပိတ်ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။