မွန်ပြည်နယ်၊ ရေးမြို့နယ် ကိုးမိုင် အလယ်တန်းကျောင်းရှေ့မှာ ဇွန် ၁၁ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်လောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ကျောင်းသားတွေ ကျောင်းတက်နေချိန် ကျောင်းသားမိဘတွေ ကျောင်းကြိုလာရောက်ဖို့ရှိနေအချိန်အတွင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံကတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေးမြို့ အောင်မေတ္တာ ရပ်ကွက် အ.လ.က (၂) ကျောင်းရှေ့မှာ တကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ခုတကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲတွေဟာ ဘယ်လူ့လက်ချက်လဲဆိုတာ မသိရသေးပေမဲ့ ရေးမြို့နယ် ကျောင်းသားများ သမဂ္ဂကတော့ စာသင်ကျောင်းတွေ ဗုံးခွဲတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။