ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇွန်လ ၁၀ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သား တစ်ယောက်က မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။
မအူပင် ကမ်းနားလမ်းက မီးသတ်စခန်းမှာ အစောင့်ကျနေချိန် စစ်သားနဲ့ မီးသတ်တပ်ဖွဲ့ဝင်တို့ စကားများပြီး စစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ယောက်က ဒီဗွီဘီကိုပြောပါတယ်။
"သတင်းကြေးနန်းတင်တာကတော့ မတော်တဆ ကျည်ထွက်သွားလို့ မီးသတ်တပ်ဖွဲ့ဝင် ခြေထောက်ထိတယ်မျိုးဗျ။ တကယ်က အချင်းချင်း စကားများရာကနေ သေနတ်နဲ့ပစ်လိုက်တာ။ ဘာအကြောင်းအရာနဲ့ စကားများလဲတော့ မသိဘူး"လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်တာခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင်ရဲ့ ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကုန်ပိုင်းက ဧရာဝတီတိုင်းရဲရုံးက ရဲအချင်းချင်းပြန်လှန်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။