Home
မြန်မာသတင်း
မြိုင်မြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလံမလိပ်၊ အသံမတိတ် ဆိုင်ကယ်သပိတ်
win lwin
·
June 10, 2021
198192561_2600283520273093_1748519324358589943_n
198191188_2600283480273097_314258918643883566_n
197998735_2600283566939755_4452431388560059185_n
197776624_2600283643606414_5725327686459475154_n
197473997_2600283453606433_3999784195226225124_n

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်းဇုန်မှာ ဇွန်လ ၁၀ ရက် မနက်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် မိုးတွေရွာနေတဲ့ ကြားက လူဦးရေ ရာနဲ့ချီ ဆိုင်ကယ်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်ကော်မတီတာဝန်ရှိသူတစ်ဦးက “အခြေခံပညာသပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် မိုးတွေဘယ်လောက်ရွာရွာ၊ နေတွေ ဘယ်လောက်ပူပူ၊ လှိုင်းတွေ ဘယ်လောက်ပဲ ထန်နေပါစေ မမောပန်းဘဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်တဲ့အထိ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲနေတာဖြစ်တယ်” လို့ ပြောပါတယ်။

မနက်ဖြန် ဇွန်လ ၁၁ ရက်နေ့ဟာ မြိုင်မြို့နယ်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အပြစ်မဲ့ ပြည်သူ ၆ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ၃ လ ပြည့်တဲ့နေ့ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သွေးမအေး ၊ သွေးမနည်းဘဲ ပူးပေါင်းပါဝင်ကြဖို့ လည်းတိုက်တွန်းတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ကျေးလက်ဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် နေ့စဉ် သက်ဆိုင်ရာဇုန်အလိုက် အလံမလိပ်၊ အသံမတိတ်ဘဲ သပိတ်တိုက်ပွဲ ဆက်လက်ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024