စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာကျေးရွာမှာ ဇွန်လ ၉ ရက်နေ့က အကြမ်းဖက်စစ်တပ်က လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားပါတယ်။
“ကျနော်တို့ရွာကို စစ်သားတွေ နေ့လယ် ၁ နာရီလောက်က ပြည်သူ့ကာကွယ်ကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုလို့ ရောက်လာတယ်။ ရွာထဲမှာရှိတဲ့အိမ်တွေ ဝင်ရောက်ရှာဖွေတယ်။ သတင်းပေးလို့ဆိုပြီး ရဲနဲ့ စစ်သားတွေ လူအင်အားအများအပြားရောက်လာပြီး ကျေးရွာအတွင်းမှာ ရှိတဲ့ လူ နေအိမ်တွေရှာတယ်။ ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးသွားတယ်”လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ရွာသားတွေကို ဖမ်းဆီးသွားတာတော့ မရှိဘဲ ရွာသားတချို့ကတော့ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေပါတယ်။