ယောဒေသမှ လူငယ်များ အမှိုက်ကောက်ရင်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ
DVB
·
June 9, 2021
မကွေးတိုင်းဒေသကြီး၊ ယောဒေသမှာ ဇွန် ၈ ရက်နေ့က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အမှိုက်ကောက်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
World Oceans Day နေ့ အထိမ်းအမှတ်အနေနဲ့ ဇွန် ၈ ရက်နေ့က ယောဒေသလူငယ်တွေ စုပေါင်းပြီးတော့ မြစ်သာမြစ်ထဲမှာ အမှိုက်ကောက်ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ကြတာလို့ ဒေသခံလူငယ်တစ်ယောက်က ပြောပါတယ်။
ယောဒေသအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာတချို့က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။