မွန်ညီညွတ်ရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာမှာ ဇွန်လ ၈ ရက် ညဦးပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက အတည်ပြုပြောပါတယ်။
မိဝေသီဖြိုးကို အမည်မသိသေနတ် သမားတစ်ဦးက လုပ်ကြံပစ်ခတ်ခံတာ ဖြစ်ပြီး ဘုရားသုံးဆူဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မိဝေသီဖြိုး လုပ်ကြံခံရတာဟာ နိုင်ငံရေးနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ နိုင်တလညီက ပြောပါတယ်။ အခုဖြစ်စဉ်အတွက် မွန်ညီညွတ်ရေးပါတီအတွင်း အရေးပေါ် အစည်းအဝေး ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။
မိဝေသီဖြိုးရဲ့ ဘုရားသုံးဆူက ဘကြီးတစ်ဦးရဲ့ နေအိမ်ကို ပြီးခဲ့တဲ့လပိုင်းတုန်းက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသလို မီးရှို့တာလည်း ခံခဲ့ရတာပါ။
တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ မိဝေသီဖြိုးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကနေ အမျိုးသားလွှတ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။