အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး နောက်ထပ် ၃ ယောက်ကို ထပ်မံ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဇွန် ၅ ရက် ဒီနေ့မနက်မှာ ကြေညာပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသိန်းဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးသူရထွန်းတို့ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။
လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရမှာ ဝန်ကြီးဌာနက ၁၆ ခုနဲ့ ဖွဲ့စည်းထားပြီး ပြည်ထောင်စုဝန်ကြီး ၁၅ ဦးနဲ့ ဒု-ဝန်ကြီး ၁၆ ဦး ရှိပါတယ်။