စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ သီရိကျော် လက်ဖက်ရည်ဆိုင်ရှေ့မှာ ဇွန်လ ၄ ရက် မနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC)က သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
သီရိကျော်လက်ဖက်ဆိုင်ပိုင်ရှင်ဟာ စစ်ကောင်စီရဲ့ သတင်းပေးဒလန်တစ်ယောက်ဖြစ်ပြီး၊ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ ဝင်ထွက်သွားလာနေတဲ့အတွက် နောက်နောင် အခုလိုမပြုလုပ်စေဖို့ ရည်ရွယ်ပြီး ဗုံးခွဲ သတိပေးတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အရပ်သားပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်တဲ့ ဆိုင်တွေအိမ်တွေကို နေထိုင်ခြင်း သွားလာခြင်းမပြုကြဖို့နဲ့ မဖြစ်မနေသွားလာစရာရှိခဲ့ရင်လည်း အချိန်ကြာမြင့်စွာ လှည့်လည်သွားလာတာမျိုးရှောင်ရှားကြဖို့ အသိပေးချက်ထုတ်ပြန်ထားပါတယ်။