စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း မြောက်စည်းရဲစခန်းကနေ ဒီနေ့ ဇွန်လ ၃ ရက် နေ့လည် ၁ နာရီလောက်က ငါးရှာပြီး ပြန်လာတဲ့ ရွာသား ၃ ယောက်ကို သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
ငါးရှာပြီးပြန်လာတဲ့ ရွာသားတွေကို မြောက်စည်းရဲစခန်းဘက်ကနေ စစ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို ရွာသားတစ်ဦးက လက်ဖျံမှာ သေနတ်ထိမှန်ပြီး ဒဏ်ရာနဲ့ ဖမ်းဆီးခံရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကလူတွေ ၃ ယောက်က မြစ်ဆုံဘက်ကနေ ငါးရှာပြီး ရွာကို ပြန်လာကြတာပါ။ ရဲစခန်း အရှေ့ဘက် လယ်ကွင်းပြင်လမ်းကနေ ပြန်လာ ကြတာပါ။ ဒါကို စစ်သားတွေက ဘာလက်နက်မှမပါတဲ့ ကျနော်တို့ရွာသားတွေကို အမဲလိုက်သလို ရွာထဲ ထိဝင်ပြီး သေနတ်နဲ့ပစ်ဖမ်းသွားတယ်။ ရွာထဲ ကပြည်သူတွေ လည်း ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြပါတယ်”။
အဆိုပါရွာသား ၃ ယောက်ဟာ ရိုးရိုးသားသား ငါးရှားစားနေကြတယ်ဆိုတာ တရွာလုံးက သိတဲ့ အကြောင်း သူတို့အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးစေလို့တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။
လတ်တလော ဒဏ်ရာရ ရွာသား တစ်ယောက်ကိုတော့ ဆေးကုသမှုခံယူဖို့ ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။