Home
မြန်မာသတင်း
တောင်ပြုံးပွဲတော်ကျင်းပရန် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေ
DVB
·
June 3, 2021
195293477_1466851070346318_3644747416256950228_n

ကိုဗစ်-၁၉ ကြောင့်  တစ်နှစ်လောက်ရပ်နားခဲ့ရတဲ့ တောင်ပြုံးပွဲတော်ကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းမြင့်နဲ့ အပေါင်းအပါတစ်စုက ပွဲတော် ဖြစ်မြောက်ရေး လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြို့နယ် အတွင်းက တောင်ပြုံးပွဲတော်ကို တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ နယ်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ သံဃာတော်တွေ ဦးဆောင်ပြီး ထိန်းသိမ်းကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

အခု ပွဲတော် ကျင်းပရေး အစီအစဉ်ကို မြို့နယ်သံဃနာယကဆရာတော်တွေဘက်က လက်ခံဖို့ ငြင်းဆန်တယ်လို့လည်း သိရပါတယ်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ်  ဝါခေါင်လ ရောက်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး နိုင်ငံအနှံ့က နတ်ကိုးကွယ် ယုံကြည်သူ သိန်းချီ လာရောက်လေ့ရှိပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် အန်အယ်လ်ဒီ အစိုးရ လက်ထက်က ပွဲတော် ကျင်းပခွင့်ကို တစ်နှစ် တားမြစ်ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ရာထူးခန့်ထားတဲ့ တောင်ပြုံးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်ဟာ လက်ရှိမှာ ကျေးရွာအတွင်း ဧည့်စာရင်းတိုင်ကြားကိစ္စအတွက် အားတက်သရော ဆောင်ရွက်နေတဲ့အပြင် ပြီးခဲ့တဲ့ မေလပိုင်းကလည်း ကျေးရွာအတွင်း တပ်ဆင်ထားတဲ့ PSI စလောင်းတွေကို ဖြုတ်ပစ်ဖို့ ကျေးရွာအတွင်း လှည့်လည်ကြေညာ လုပ်ဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024