ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်ကျေးရွာ အထက်တန်းကျောင်းမှာ ဇွန် ၂ ရက်ညက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
မနေ့ည ၈ နာရီကျော်က အထောင်အထက်တန်းကျောင်းဝင်းထဲ ဗုံး ၃ လုံး ပေါက်ကွဲပြီးနောက် စစ်တပ်က လာရောက်စစ်ဆေးခဲ့ကာ ညဘက် အပြင်ထွက်တဲ့ ရွာသား ၅ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ညပိုင်းပေါက်တာ အထောင်၊ အထက်တန်းကျောင်းဝင်းထဲ ဆက်တိုက်ပေါက်တာပါ။ လူထိ ခိုက်မှုတော့ ရှိတယ် မကြားရဘူး။ ဗုံးပေါက်တဲ့အချိန်က ညမထွက်ရအချိန်မှာ ပေါက်တာ”။
ကျုံပျော်မြို့မှာ ဇွန် ၁ ရက်ကလည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။