မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပြောင်ခေါင်းအုပ်စု၊ ပန်လင်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးမောရှေကို ဇွန် ၂ ရက် ဒီနေ့မနက်အစောပိုင်းက အကြမ်းဖက်စစ်အုပ်စုက စစ်ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။
ဦးမောရှေက ရက်အတော်ကြာရှောင်နေခဲ့ပြီး နေအိမ်သို့ ခဏပြန်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
ပြောင်ခေါင်းအုပ်စုမှာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေကို ဦးမောရှေ လက်ထက်မှာမှ အမှုဖွင့် အရေးယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမောရှေ ဖမ်းဆီးခံရပြီးနောက်မှာ အရင်အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်စစ်အုပ်စုက ငွေကျပ် ၁၀ သိန်းနဲ့ တာဝန်ပေးထားတယ်လို့ သိရပါတယ်။
ဇွန်လ ၁ ရက်နေ့ မနက် ၁ နာရီကလည်း ပန်လင်ကျေးရွာ စာသင်ကျောင်း မီးလောင်ခဲ့ပါတယ်။