ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လ ၁ ရက်နေ့ မနက် ၁၁ နာရီလောက်က ကညနရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ပါတယ်။
ကညနရုံးဝင်းထဲက အိမ်သာရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ မျက်မြင်တွေ့သူ ၁ ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေတပ်တွေ လာရောက်စစ်ဆေးနေပြီး လမ်းသွားလမ်းလာတွေကိုလည်း ရှာဖွေစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကညနရုံးထဲမှာ ရောက်ရှိနေတဲ့ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်နဲ့ ရဲက အပြင်ပေးမထွက်ဘဲ တံခါးပိတ်ကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး မေလပိုင်းမှာ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထိဖြစ်ပွားခဲ့ပါတယ်။