ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဇွန်လ ၁ ရက် ဒီနေ့ မနက်မှာ တပ်မိသားစုတွေ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့လို့ အမျိုးသမီး ၂ ဦးသေဆုံးသွားပါတယ်။
ဒီမနက် ၈ နာရီခွဲလောက်မှာ ဝိုင်းမော်ဘက်ကနေ မြစ်ကြီးနားဘက်အသွား မိုင်းနား အထက ကျောင်းအကျော်နားမှာ အရှိန်လွန်ပြီး ဆိုင်ကယ်ကိုဝင်တိုက်ကာ တစ်ဘက်ယာဉ်ကြောမှာရှိတဲ့ ခရေပင်ကို တိုက်မိမှောက်သွားတာလို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ ယောက် ပွဲချင်းပြီး သေဆုံးကာ ၈ ယောက်လောက် ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီး နာရီ၀က်လောက်ရောက်မှ လူနာတင်ကားတွေရောက်လာပြီး ဝိုင်းမော်ဆေးရုံဘက်သယ်သွားကြတယ်လို့ ပါ၀င်ကူညီကယ်ဆယ်ခဲ့သူ တစ်ဦးက ပြောပါတယ်။
အဆိုပါကားက ရွှေညောင်ပင်က ခလရ ၃၂၁ တပ်မိသားစုဝင်တွေ စီးလာတဲ့ကားဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။