Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် CDM အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ဖမ်းဆီးခံရ
DVB
·
May 27, 2021
191207693_1106027359891273_6135488565406617925_n

တောင်တွင်းကြီးမြို့မှာ CDM အလယ်တန်း ကျောင်းဆရာမတစ်ဦးကို မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ လောက်မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။

''ဆရာမနေတဲ့အိမ်ကို အရပ်ဝတ်နဲ့သူတွေ ရောက်လာပြီး မေးစရာရှိလို့ ရဲစခန်းကို ခဏလိုက်ခဲ့ပါလို့ ပြောနေချိန် စစ်ကားနဲ့ စစ်သားတွေထပ် ရောက်လာပြီး ဆရာမကြီးကို ခေါ်သွားတာပဲ။ ဆရာမကတော့ ဘာမှစိတ်မပူဖို့မှာသွားတယ်။ ဘယ်ကိုခေါ်သွားလည်းတော့ မသိရသေးဘူး'' လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

DVB က တောင်တွင်းကြီးရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ကျရဲအရာရှိက ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ကျောင်းဆရာမ ဒေါ်နီနီညွန့်ကို အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် မတ်လ ၅ ရက် နေ့မှာ တာဝန်က ယာယီရပ်ဆိုင်းကြောင်း စစ်ကောင်စီက အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024