မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကျောင်းသားလူငယ် ၅ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး ဒီနေ့ မေလ ၂၆ ရက်မှာ မြင်းခြံခရိုင်တရားရုံးအတွင်း ရုံးထုတ်ခဲ့ပါတယ်။
မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဗကသ ကျောင်းသား ကိုစိုးရာဇာထွန်းလွင်နဲ့ ကိုငယ်၊ ကိုကျော်ဇင်ဦး၊ ကိုကောင်းဝေယံ(၁၈နှစ်မပြည့်)၊ ကိုအောင်ကိုကိုတို့အား မြင်းခြံ အမှတ် ၁ ရဲစခန်းက ပုဒ်မ ၅၀၅(က) ၊ အမှတ် ၂ ရဲစခန်းက ပုဒ်မ ၅၀၅(က) တို့နဲ့ အမှုဖွင့်ထားတာပါ။
ကျောင်းသားတွေကို ဒီနေ့ညနေ မြင်းခြံခရိုင်တရားရုံးအတွင်း ရုံးထုတ်ပြီး ညနေ ၅နာရီ.ကျော်က မြင်းခြံ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ လာမယ့် မေလ ၂၈ ရက်နေ့ သောကြာနေ့မှာ ထပ်မံ ရုံးထုတ်ဖို့ ရှိပါတယ်။