စစ်ကျွန်ပညာရေးယန္တရားကို တိုက်ခိုက်သပိတ်မှောက်မယ်လို့ ပွင့်ဖြူ စိုက်ပျိုးရေး သိပ္ပံကျောင်းသားသမဂ္ဂအဖွဲ့က မေလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စိုက်ပျိုးရေးသိပ္ပံကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ်ဆိုပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ ခိုင်းစေချက်အရ ကျောင်းဝန်ထမ်းတွေက နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေကို ဖုန်းဆက်ပြီးတော့ အသိပေးခဲ့ပါတယ်။
ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းမတက်ဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးယန္တရားကို တိုက်ခိုက်သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။
ပွင့်ဖြူ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူ ၁၈၆ ယောက်ရှိတဲ့အနက် ၁၇၆ ယောက် CDM ပြုလုပ်နေပြီး CDM မလုပ်သူ ၂ ယောက်ရှိကာ စာရင်းမပေးသူ ၈ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။