မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပတ္တမြားရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဒီကနေ့ မေ ၂၅ ရက်မှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားပါတယ်။
အိမ်စီးကား အဖြူရောင်နဲ့အရပ်ဝတ်တွေနဲ့ လာဖမ်းတာဖြစ်ပြီး ဖမ်းဆီးစဉ်မှာလည်း ရိုက်တာ အကြမ်းဖက်တာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဘာကြောင့် ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဖမ်းဆီးခံရသူနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ စုံစမ်းလို့မရသေးပါဘူး။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက သပိတ်မှာပါဝင်သူတွေ ၊ Defense Team ဝင်နဲ့ CDM သမားတွေကို ဆက်တိုက်ဖမ်းဆီးနေပေမဲ့ အရပ်ဝတ်နဲ့ ဖမ်းတာကတော့ အခု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။