ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူလူထုကို ကာကွယ်ဖို့အတွက် မြို့နယ်အလိုက် လူငယ်တွေ စစ်သင်တန်းဆင်းပြီးကြောင်း PSDA တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
စစ်အာဏာသိမ်းတာကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူလူထု၊ ကျောင်းသူကျောင်းသားနဲ့ အပြစ်မဲ့ကလေးသူငယ်တွေကို အကြမ်ဖက်စစ်ကောင်စီတပ်တွေက နေ့စဉ်နဲ့ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်တာတွေရှိနေပါတယ်။
အဲ့ဒီလို စစ်ကောင်စီက ပြည်သူတွေအပေါ် တရားမဲ့ပြုကျင့်နေတာတွေကို ခုခံကာကွယ်နိုင်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးမှာနေထိုင်ကြတဲ့ ဒီမိုကတစ်လူငယ်တွေဟာ အခြေခံစစ်သင်တန်းတက်ရောက်ပြီးစီးကာ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ ( PSDA )ကို ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီနေ့အထိ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ ပြည်သူလူထု ၈၀၀ ကျော်ရှိနေနဲ့ အဓမ္မဖမ်းဆီးခံထားရသူ ၃၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူတွေက နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာကြပြီး အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။